Spaghetti
မနေ့က ဝါခေါင် လပြည့်နေ့ ဖြစ်ချေ၏။ မိုးလည် မရွာတော့ဘူး။ သံဃာတော် ဆွမ်းတန်းလည်း ပြန်ကြွလေ၏။ ကိုရင်တွေကို ကျနော် ဆွမ်းလောင်းလှူ ဖြစ်ပေမယ့် ဆွမ်းတန်းကိုတော့ မလောင်း ဖြစ်ပေ။ ကျနော့်အမ လောင်းလှူသောကြောင့် ဖြစ်၏။ 7 ရက်နေ့ ကြာသပတေးနေ့က အမ၏ မွေးနေ့ဖြစ်၏။ ဒါပေမယ့် ထို့နေ့မှာ မိုးက မတိတ်သေးဘဲ ဆက်ရွာနေဆဲ ဖြစ်သဖြင့် သံဃာတော်တွေ ဆွမ်းခံမကြွသောကြောင့် မနေ့ကမှ လောင်းလှူ ဖြစ်ခြင်း ဖြစ်၏။ မွေးနေ့ကျော် တရက် အလှူပေါ့လေ။
မိုးက ရပ်ဦးမှပဲ။ ညောင်ရွှေ၊ ရွှေညောင်၊ အောင်ပန်း၊ ကလောမှာ ရေကြီး ရေလျှံတွေ ဖြစ်နေပြီ။ ဒီထက်သာ ဆက်လို့ရွာနေရင် ပိုဆိုးဖို့သာ ရှိ၏။ ခဏပဲ ရပ်တယ် ပြောပြော ခုလိုလေး မိုးတိတ်ပေးဦးမှပဲ။ မနေ့ လပြည့်နေ့မှာ ခပ်ဖွဲဖွဲလေး ရွာချင်သလို ဖြစ်လိုက်သေး၏။ ဒီနေ့မှာတော့ လင်းလင်းထင်းထင်းလေး ဖြစ်နေ၏။ မရွာပါနဲ့ဦး မိုးရေ။
လပြည့် လကွယ်နေ့တွေတိုင်း အမေက ဥပုသ်စောင့်ပြီး ကုသိုလ် ယူနေကြ ဖြစ်၏။ မနေ့ကတော့ ကျနော့် အမပါ ဥပုသ်စောင့်၏။ သူ့မွေးနေ့ ရက်ကျော်သွားပေမယ့် နီးနေသေးတော့ မွေးနေ့ သဘောမျိုးပါပဲ ကုသိုလ်ရသပေါ့။ သို့နှင့် ညနေစာ စားမယ့်သူက ကျနော်နှင့် ကျနော့် တူ၊ တူမလေး 3 ယောက်သာ ရှိ၏။
ကျနော့် မွေးနေ့တုန်းက အိမ်မှာ စပါကတီ လုပ်စားဖြစ်၏။ YouTube video ကြည့်ပြီး လျှောက်လုပ်ထားခြင်း ဖြစ်၏ယ ကလေးတွေကတော့ စားကြ၏။ အမေနဲ့ အမကတော့ သိပ်မကြိုက်ဟု ပြော၏။ စပါကတီ မုန့်တီနဲ့ ဆင်တူသည် ဆိုပဲ။ ဟို Online ပေါ်မှာ လူတယောက် ပြောထားသလိုပေါ့။ ဘာတဲ့ စပါကတီဆိုတာ ခရမ်းချဉ်သီးချက်ထဲ ခေါက်ဆွဲရောပြီး နယ်စားတာပါပဲ။ သူပြောတာလည်း မှားတော့ မမှားပေ။
မွေးနေ့တုန်းက စပါကတီ ခေါက်ဆွဲတွေ ကျန်နေသေး၏။ 3 ယောက်စာတော့ လောက်၏။ စပါကတီပဲ ထပ်ချက်ပေးလိုက်မယ်ပေါ့။ ပြီး အမက သူ့မွေးနေ့ ဆွမ်းလောင်းဖို့၊ အိမ်စားဖို့ဆိုကာ ဝက်အာလူး ချက်ထား၏။ အဆိုပါဟင်းတွေလည်း ပိုနေသေးတော့ အနှစ်နည်းနည်း ချက်လိုက်ပြီး ဝက်အာလူး စပါကတီ လုပ်စားမယ်ပေါ့။
စပါကတီကို size 2 ဝယ်မိခဲ့တော့ အတော်ကြာကြာကို ပြုတ်နေရ၏။ သူက 7 မိနစ်လို့ပဲ ညွှန်းထားပေမယ့် 15 မိနစ်၊ မိနစ် 20 လောက် ပြုတ်မှ ခေါက်ဆွဲသား အိအိလေး ရ၏။ နောက်တခါတော့ size 1 လေးနဲ့ ချက်ကြည့်ပါဦးမည်။ ခေါက်ဆွဲ ကြိုက်သည့် တူ၊ တူမလေးတို့ကတော့ ရှယ်ဆွဲကြလေတော့၏။ ရယ်ရတာက ပုံမရိုက်ထားလိုက်ရတာပဲ။ မွေးနေ့မှာ ချက်တုန်းကကော၊ ခုတခေါက် ထပ်ချက်တုန်းကော။ ဒီအကြောင်း မရေးဖြစ်လောက်ဘူး ဆိုပြီး မရိုက်မိလိုက်ခြင်း ဖြစ်မယ်ထင်ပါရဲ့။
ပုံတွေကိုတော့ Canva ကနေပဲ လုပ်ယူရပေတော့မည်။ နောက်တခါ ထပ်ချက်မှ ပုံနှင့်တကွ တင်ပါဦးမည်။
(photo created by Canva)
ချက်နည်း ချက်ပုံ ပြောပြပေးပါ။
!LOLZ
!HUG
lolztoken.com
When it's a jar
Credit: reddit
@donjaun, I sent you an $LOLZ on behalf of golden.future
(1/10)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ
Web3 နဲ့ Data Earn တွေ ချဗျ tg ကဟာတွေက အကုန် ဂျင်းတွေပဲ
ခေါက်ဆွဲ ကြိုက်သဗျို့။
!PIZZA
!MEME
Credit: megareigns
Earn Crypto for your Memes @ HiveMe.me!
$PIZZA slices delivered:
@htwegyi(1/10) tipped @donjaun
Come get MOONed!