ဆောင်းမိုး

ဒီရက်ပိုင်း အအေးပေါ့၏။ မိုးသားတွေ ရှိနေလို့လည်း ပါမည် ထင်၏။ မိုးတော့ မရွာ။ လုံးဝကြီး မရွာတာမျိုးတော့ မဟုတ်ပေ။ မနေ့က ခပ်ဖွဲဖွဲလေး ခဏတော့ ရွာလိုက်သေး၏။ ခပ်ဖွဲဖွဲက ကျနော်တို့ဘက်နားသာ ဖြစ်ပြီး တခြားနေရာတွေမှာတော့ နည်းနည်းပိုရွာသွားသည် ထင်ပါ၏။ ညနေ Futsal ကန်ဖို့ သွားတော့ လမ်းတွေ အတော်စိုနေတာ တွေ့၏။ မိုးရွာ သွားသည့် ပုံပင်။
မနေ့က မိုး အနည်းငယ် ရွာထားပြီး ဒီနေ့မှာ မနက်ခင်း ကတည်းက မိုးက အုံ့နေ၏။ တနေကုန် နီးပါး နေမတွေ့လိုက်ရပေ။ ရေချိုးမယ့် အမေတောင် မိုးအုံ့နေလို့ ရေမချိုးလိုက်ရပေ။ အသက်ကြီးလာတော့ ရေချိုးဘာညာ ကလည်း ဂရုစိုက်ရသေး၏။ နောက်ရက်မှ ရေချိုးဝောာ့မယ် ဆို၏။ နက်ဖြန်က လကွယ်နေ့ ဖြစ်နေ၏။ အမေ ဥပုသ်စောင့်မှာ ဆိုတော့ ရေချိုးဖို့နဲ့ အချိန် လုရပေလိမ့်ဦးမည်။

ကြာကြာမှ တခါ ရေချိုးသည့် အမေ့ အတွက် ခုလို ရာသီဥတုဖောက်ချိန်ဆို ရေချိုးရက်က နောက်ဆုတ်ရပြန်ရော။ နေ့လည်ခင်းထိ အုံ့ရုံသာ အုံ့နေသည့် မိုးက 2 နာရီနောက်ပိုင်းမှာ မိုး အဖြစ် ရွာချလေတော့၏။ တော်တော်ကြာကြာ ရွာ၏။ ရေ အတော်အသင့်ပါ၏။ ဆောင်းမိုးဆိုတော့ ချမ်းစိမ့်စိမ့် နိုင်၏။ မိုးတွင်း ရွာသည့် မိုးက ရွာသာ ရွာသည် သိပ် မအေးလှပေ။
Coffee ပြန်သောက်လို့ ရတာ နှစ်ရက်ပဲ ရှိသေး၏။ ရှေ့ရက်တွေက ပန်းကမ္ဘာထဲ ရောက်နေလို့ Coffee မသောက်ရပေ။ မိုးအေးအေးနဲ့ Coffee လေး သောက်ရတာ အရသာ ရှိ၏။ အေးအေးဆေးဆေးတော့ မသောက်ရပေ။ အမေ နှင့်အတူ ဟင်းချက်ရင်း ပြောရင်း ဆိုရင်း ချက်ရင်း ပြုတ်ရင်း သောက်ပေါ့။
နက်ဖြန် လကွယ်နေ့ ဆိုတော့ ဆွမ်းဟင်းလောင်းမည်။ ထို့ အတွက် ခပ်စောစောလေး ချက်ပြုတ်ထားနေခြင်း ဖြစ်၏။ ရာသီဥတုလိုပဲ မီးကလည်း အစိုးမရဘူး မလား။
အသက်ကြီးသူများက ရေချိုး ဆင်ခြင်ကြတယ်။
!LOLZ
!MEME