ပရဟိတဟု ဆိုရာဝယ်
Sunday & Monday နှစ်ရက်လုံး မအားပေ။ အမကို ဆေခန်း လိုက်ပို့ကူ၊ စောင့်ကူနေရသောကြောင့် ဖြစ်၏။ မနက်ခင်း 10 နာရီက သွားတာ ညနေစောင်းမှပဲ ပြန်ရောက်၏။ ဒုတိယ တရက်ကတော့ နည်းနည်းစော၏။ နေ့ခင်း 2 နာရီလောက် ပြန်ရောက်၏။ မျက်စိ နီပြီး နာနေသဖြင့် ဆေးခန်းသွားပြခြင်း ဖြစ်၏။ မျက်စိ သီးသန့် ကုသပေးသည့် ပရဟိတ ဆေးရုံမှာ သွားပြ၏။
လူမှု ကူညီရေး အသင်းအဖြစ် စတင် တည်ထောင်ခဲ့ရာမှ နောက်ပိုင်းမှာ အလှူရှင်များ၏ လူအား၊ ငွေအား ကူညီ ထည့်ဝင်မှုကြောင့် မျက်စိ ဆေးရုံကြီးအဖြစ် ဖွင့်လှစ်ကုသပေးနိုင်ခဲ့ခြင်း ဖြစ်၏။ အထွေထွေရောဂါ ကုသရေးထက် မျက်စိတခုထဲကိုသာ အထူးအလေးပေး ကုသပေး၏။ ပရဟိတ ဆေးရုံဆိုတော့ စမ်းသပ်ခ၊ ပစ္စည်းအသုံးပြုခတွေ ပေးစရာမလိုပေ။ ထိုအစား အလှူငွေ ထည့်ဝင်ချင်ရင် ထည့်ဝင်လို့ရ၏။ ဘယ်လောက် လှူရမယ် သတ်မှတ် မထား၊ မိမိ အဆင်ပြေသလို လှူဒါန်းနိုင်၏။
ဆေးဘာညာ ဝယ်ဖို့ လိုအပ်ရင်လည်း ထိုဆေးရုံမှာတင် ဝယ်ယူနိုင်ပါသေး၏။ ယခင်က ဆေးဝါး မစုံခဲ့ပေမယ့် ခုချိန်မှာ ဆေးတွေ အတော်လေးစုံနေခဲ့ပြီ။ အမ မျက်စိ ပြပြီး ဆေးဝယ်တော့ တမျိုးသာ မရဘဲ ကျန်တာတွေ အကုန်ရ၏။ ဆေးဝယ်ဆိုလို့ ဆေးဝယ်သည့် ကိစ္စကို ပြောရဦးမည်။
ကျနော့် အမက ဘာလုပ်လုပ် စေ့စေ့စပ်စပ်နဲ့ သေချာ လုပ်သူ ဖြစ်၏။ အသေးအဖွဲကစလို့ သူ ဂရုစိုက်၏။ ခု ဖြစ်ပုံကြ ဒီလို။ ဆေးဝယ်ပြီး ဖြတ်ပိုင်း မတောင်းမိခဲ့ခြင်း ဖြစ်၏။ ပရဟိတ ဆေးရုံ ငါ ပိုက်ဆံ အများကြီး မကုန်ဘဲ ကုရတာ အစရှိသဖြင့် သူလည်း တွေးလို့ နေမှာပေါ့။ ဆေးဖိုးချည်းချည်းက ရှစ်သောင်းကျော်လောက် ကျနေ၏။ သူ့စိတ်ထဲ ဘဝင်မကျနေပေ။ ဘောက်ချာ ပေးပါဟု ပြန်သွားတောင်းရအောင်လည်း မဟုတ်သေးပေ။
နောက်ရက် မသက်သာလို့ ထပ်သွားပြရ၏။ ဆရာဝန်က ဆေးတမျိုး ထပ်တိုးပေးလိုက်၏။ ထိုဆေးဝယ်ရင်း မနေ့ကဆေးတွေ အတွက် ဘောက်ချာ သူတောင်းလေတော့၏။ မနေ့က အဆိုပါ ဆေးတွေ စာရင်း မသွင်းထားဟု သိရ၏။ ဘယ်လောက်ကျတာလဲ မေးတော့ ဒီလောက်ဆိုတော့ ဟင် အဲ့လောက်တောင်လားဟု သူတို့က ပြန်အံ့ဩနေလေ၏။
မနေ့က ဆေးဝယ်ချိန် မှာ တာဝန်ကျသူများက လက်ရှိလူများ မဟုတ်ကြပေ။ မနေ့က သူတို့ အစည်းအဝေး လုပ်နေသဖြင့် တခြား တယောက်က ရောင်းပေးလိုက်ခြင်း ဖြစ်၏။ စာရင်း မသွင်းထား ဈေးကလည်း များနေပုံထောက်ရင် ဘာဖြစ်သွားသည်ဆိုတာကို မှန်းဆလို့ ရလောက်ပြီထင်။
ဆေးကောင်တာမှ နှစ်ယောက်က မျက်နှာ မကောင်းတော့ပေ။ ဘောက်ချာကို မျက်နှာပန်းလှရုံလောက်သာ ထုတ်ပေးလိုက်လေတော့၏။ နောက်တကြိမ် အစည်းအဝေး လုပ်ဖြစ်ရင်တော့ ယခု ကိစ္စရပ်ကို သူတို့ ပြောဆို တင်ပြတန်ကောင်း၏။ လူတိုင်း ဒုတိယအခွင့်အရေးနဲ့ ထိုက်တန်သည် ဆိုပေမယ့် ထိုသူ အတွက် ယခု တကြိမ်က ပထမဆုံးအကြိမ် ဟုတ်မဟုတ်က သိမှ မသိနေဘဲကိုး။ ပရဟိတလို နေရာမျိုးမှာ အတ္တကိုယ်ကျိုးကို ရှေ့တန်းတင်သူတွေကြောင့် စေတနာတွေ အရောင်မပြောင်းသွားလိုပေ။
(photos by Canva)
နေရာတကာမှာ ကိုယ်ကျင့်တရားတွေက ရှားပါးနေလိုက်တာဗျာ
!LOLZ
!MEME
ဟုတ်ပဗျာ။
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
Check out our last posts: