ပျားတပ်သားလေး ကျနော်

WOH က အဆင်ပြေသွားခဲ့ပြီ။ မပြေတာက Spring Bees ဖြစ်၏။ ခုထိ Champion (Level 9) ကနေ မတက်သေးပေ။ အမြင့်ဆုံး Emperor (Level 10) ရောက်ဖို့ဟာ တော်တော်နဲ့ မရောက်နိုင် ဖြစ်နေ၏။ ဟိုအရင်က 8 နာရီကို တကြိမ် pollen တွေ စုရတာ မလား။ နောက်ပိုင်းမှာတော့ 12 နာရီကို တကြိမ် ပြောင်းသွား၏။ ပြောင်းတော့လည်း ပြောင်းပေါ့။ ကိုယ်က အဆင်ပြေသလို လိုက်စုရ၏။

တရက်ကို 24 နာရီဆိုတော့ အကြမ်းဖျဉ်းအားဖြင့် တရက် နှစ်ကြိမ်ပေါ့။ တခါတလေ ကိုယ်က စုဖို့ မေ့သွားလို့ ဝက်ဝံကြီးက လာရောက် ခိုးယူသွားတာမျိုးနဲ့လည်း ကြုံရပြန်သေး၏။ ခု ပြောချင်တာက အဲ့လုယူခံရသည့် ကိစ္စ။ Level 9 မရောက်ခင် 6,7,8 တွေမှာတုန်းက မသိသာသေး Level 9 ရောက်ခါမှာ သိသိသာသာကြီးကို လုယူခံနေရ၏။

ဒီလိုဗျာ 12 ပြည့်ပြီးသွားလို့ နာရီဘယ်လောက် ကြာတဲ့အထိ ကိုယ်က ဝင်ပြီး မစုရင် ဝက်ဝံကြီးက လာယူသွားတတ်တယ်မလား။ တခါတလေကြ နာရီပိုင်းတောင် မရှိသေးဘူး ခိုးယူခံလိုက်ရပြီး တခါတလေကြ နာရီအကြာကြီး ရှိနေတာတောင် ခိုးယူမခံရပြန်ဘူးရယ်။

ကျနော် သတိထားမိသလောက် Level 10 ပြည့်ခါနားနီးရင် ပိုပြီး ဖြစ်လေ့ ရှိသလိုပဲ။ လုယူခံရတော့ 10 နားရောက်တော့မယ့်ဟာက 9 နား ပြန်ပြန် နီးကပ်သွားနေတာနဲ့ ရှေ့ကို မရောက်တော့ဘူး။ နောက်ဆုတ်ဖို့ ကြိုးစားရင်း ရှေ့တိုးမိ မဟုတ်ဘဲ ရှေ့တိုးဖို့ ကြိုးစားရင်း နောက်ချည်းပြန်သွားနေတဲ့ အဖြစ်။

အစကတော့ ကျနော် စိတ်ထင်နေလို့ နေမှာပါဆိုပြီး တွေးကြည့်ပါသေးတယ်။ ဒါပေမယ့် သတိထား ကြည့်မိရင် တကယ် အဲ့လိုပါဆို။ Level 10 နား ရောက်ခါနီးရင်ကို ဖြစ်ပြီ။ မနေ့ကဆို pollen စုဖို့ ဝင်ကြည့်တာ အချိန်ပြည့်ဖို့ မိနစ် 30 လောက် လိုနေသေးတယ်။ လူကလည်း အိပ်ချင်နေတာနဲ့ အိပ်လိုက်ရော။ လုယူခံရရင်လည်း ခံရပါစေတော့ မနက်ရောက်မှ စုတော့မယ်ပေါ့။

6 နာရီလောက် ပစ်ထားပြီး မနက်မှ ဝင်စုတာ ရတယ်ဗျာ။ ဝက်ဝံကြီးက မခိုးသွားဘူး။ တခါတလေ အချိန်ပြည့်ပြီး မိနစ်ပိုင်းလေးအကြာမှာ ဝင်စုတာတော ဝက်ဝံက ခိုးယူသွားပြီး ဖြစ်နေတတ်လေ့ ရှိပြန်ရော။ အဲ့လိုပါဆို။

ကိုယ့်မှာ Level 10 လေး ရောက်ဖို့ အရေး သမင်မွေးရင်း ကျားစားရင်းကို ဖြစ်လို့။ ဘယ်လိုဖြစ်ဖြစ် ရောက်အောင်တော့ သွားမှာပါ။ မရောက်အောင် ခုလုခုလု လုပ်နေပေမယ့် ရောက်အောင် သွားမှာပါ။ ဒါ ပျားတပ်သား တယောက်ရဲ့ သန္နိဋ္ဌာန်ပါ။



0
0
0.000
9 comments
avatar

အဲ့တာ ဘာဂိမ်းလဲ? Hive ကဂိမ်းပဲလား?

0
0
0.000
avatar
(Edited)

Telegram ပေါ်က ဂိမ်းပါ !PIZZA

0
0
0.000
avatar

ကျွန်တော်ဖြင့် level 6 ကနေပြီမတက်နိုင်ဘူးရယ်။
7 ရောက်သွားတာနဲ့ ဝက်ဝံကိုက်လို့ 6 ပြန်ရောက်ရောက်သွားတာ။ ကိုဒွန်က ကျုပ်ထက်သာပါသေး။
!LOLZ
!MEME

0
0
0.000
avatar

ကိုယ်တွေလည်း ဆော့ပြီ !PIZZA

0
0
0.000