ကြုံတတ်ပါပေ

တန်ဆောင်တိုင် မလည် ဖြစ်ပါဘူး။ ဒါ‌ပေမယ့် ပွဲတော်ကာလမှာ Futsal တော့ အတော်လေး ကစားဖြစ်၏။ ကိုယ့်အသင်း လူမစုံလို့ သူများအသင်းနဲ့ပါ သွားကန်လိုက်သေး၏။ Futsal ကတော့ မကစားရ မနေနိုင်ပေ။ အသက် 50 ထိ တစိုက်မတ်မတ် ကန်ဖို့ တွေးထား၏။ 50 နောက်ပိုင်းမှာတော့ စက်ဘီး ပြောင်းနင်းပြီး အခါအားလျော်မှပဲ Futsal ကန်ဖို့ တွေးထား၏။

ပွဲတော် ကာလအတွင်း ကန်နေကြ ကွင်းက ပိတ်တော့ တခြားကွင်းတွေ သွားကန်ရ၏။ ပွဲတော်ရက်တိုးတော့ ကွင်းက ပိတ်ရက် ဆက်မတိုးတော့ဘဲ ပြန်ဖွင့်လေ၏။ မှတ်မှတ်ရရ အပိတ်ပွဲနေ့ ဖြစ်မယ်။ Futsal ကန်ရက်မို့ ကစားနေကြကွင်းမှာ ပြန်သွားကန် ဖြစ်ကြ၏။ မဆုံတာ ကြာသွားသမို့ ကန်ပြီးတော့ စကားစမြည်တွေ ပြောနေတာနဲ့ နောက်ကျမှ အိမ်ပြန် ဖြစ်၏။

Futsal ကွင်းက မီးပုံးပျံကွင်းနှင့် မနီးပေ။ နို့ပေမယ့် ကွင်းသို့အလာ လမ်းတဝက်က‌ လမ်းမြောင်လေးတွေကနေ သွားရင် မီးပုံးပျံကွင်းသို့ အချိန်သိပ် မပေးရဘဲ ရောက်၏။

ဆိုင်ကယ်မောင်းလာရင်း လမ်းမှာ လူတယောက်က တား၏။ ပုံစံကတော့ သန့်သန့်ပြန့်ပြန့်ပါပဲ မူးနေဟန်တော့ ရှိ၏။ အနီးအပါးကိုလည်း ကြည့်ရသေး၏။ အဖော်အပေါင်းတွေနဲ့ ရိုက်လုမယ့်သူလား ဘာလားပေါ့။ ခေတ်ကာလကြီးက သိတဲ့ အတိုင်း။ ကျနေယ်လည်း အခြေအနေကြည့်ပြီး ရပ်ပေးလိုက်၏။

ထိုသူက မူးမူးနဲ့ စကားဆို၏။ လူမှန်း သူမှန်း မသိရအောင် မူးနေခြင်းတော့ မဟုတ်ပေ။ ဒီမြို့က မဟုတ်ကြောင်း သူ့ အသိတွေနှင့် ကွဲသွားကြောင်း သူ ဘယ်ရောက်နေမှန်း မသိလို့ ကူညီ ပေးပါဦးပေါ့။ ဒါဖြင့် အကို့အသိကို ဆက်မေးလိုက်လေဟု ပြောတော့ သူက phone ဆက်မေး၏။ ဟိုလူတွေက အိမ်ပြန်ရောက်သွားခဲ့ပြီ။ လမ်းများသင့်ရင် ‌_ _ ကို ခေါ်လာပေးလို့ရလား ဆို၏။ ကျနော် သွားမယ့် နေရာနဲ့ လမ်းသင့် နေတာနဲ့ ခေါ်လာပေးလိုက်၏။

လမ်းမှာ ကျေးဇူး တင်ကြောင်းတွေ တဖွဖွ ပြောလေ၏။ ဘယ်ကား ဘယ်ဆိုင်ကယ်မှ မရပ်ပေးကြောင်း အကိုပဲ ရပ်ပေးကြောင်းပေါ့။ မောင်းလာရင်း ပြောထားသည့် နေရာ ရောက်လို့ လာကြိုမယ့်သူကို phone ဆက်၏။ အဆိုပါ ပုဂ္ဂိုလ်၏ phone က ဖွင့်မရတော့ပေ။ Power ပိတ်နေ၏။ အားကုန်ပြီထင်။

သို့နှင့် ကျနော့် phone နဲ့ ဆက်ပေးမယ်ပေါ့။ လာကြိုမယ့်သူ phone number သူ မသိဘူးတဲ့ ကောင်းရော။ နေဦး မိန်းမကို phone ဆက်မေးလိုက်မယ်တဲ့။ သူ့ မိန်းမက သူနဲ့အတူ မဟုတ်ဘဲ ဟိုဘက်မြို့မှာ ကျန်ခဲ့တာတဲ့။ သို့နှင့် သူ့ မိန်းမကနေ တဆင့် လာကြိုပေးမယ့်သူတွေ ဆက်သွယ်ရင်း အတူစောင့်ပေးနေလိုက်၏။

၁၅ မိနစ်လောက် နေတော့ ကြိုမယ့်သူ ရောက်လာ၏။ ကျနော့်အား ကျေးဇူးတင်ကြောင်း ပြောပြီး သူ့အသိကို ဆူလေ၏။ ဘယ်နားရောက်ပြီး ဘယ်ပျောက်သွားတာလဲ။ ဒီအချိန်ကြီးကို။ ဒီညီလေးမလို့ တင်တာ တခြားသူဆို တင်ခေါ်လာမှာ မဟုတ်ဘူး အစရှိသဖြင့် ပြောလေ၏။

လာကြိုမယ့်သူကို စောင့်နေတုန်းက သူက ကျေးဇူးတင်လို့ နောက်ရက် တခုခု လိုက်ကျွေးပါရစေတဲ့။ သူ့ phone က အားကုန်နေပြီမို့ တစိတ်လောက် သူ့ phone ကို ခေါ်ထားပေးပါလားတဲ့။ သူ စိတ်ကျေနပ်အောင် phone number ပြောဆိုတော့ သူ့ phone number ကို သူ အလွတ်မရနေပေ။ မိန်းမ phone သာ အလွတ်ရပြီး ကိုယ့် phone number ကြ ကိုယ် အလွတ်မရနေပေ။

မိန်းမနား ညီ့ phone number ကျန်နေမှာပဲလေ နောက်ရက်မှ ဆက်သွယ်လိုက်မယ်တွေ ပြောနေသေး၏။ ပြီးတော့လည်း မဆက်ပါဘူး။ ကိုယ်ကလည်း ဘာမှ မမျှော်လင့်ထားပါဘူး။ ဒီအတိုင်း လမ်းကြုံလို့ ကူညီပေးလိုက်တာ။ ထိုအကြောင်း နောက်ရက် သူငယ်ချင်းကို ပြောပြတော့ နောက် ထိုသို့ မလုပ်ရန် ခေတ်ကာလ မကောင်းသဖြင့် တားတိုင်း မရပ်ပေးဖို့ ကျနော့်အား စိုးရိမ်စွာဖြင့် ဂရုစိုက်ရန် မှာလေ၏။



0
0
0.000
8 comments
avatar

Congratulations
You received an upvote ecency

0
0
0.000
avatar

စာထဲမှာ ၁၂ နှစ်သားသမင်ပျို အကြောင်းလဲ မပါပါလား။
!LOLZ
!HUG

0
0
0.000