ခြင်ထောင်ထဲက ခြင်
ခြင်။ လူသားတွေနဲ့ အင်မတန် ရင်းနှီးသည့် အင်းဆက် ဖြစ်ချေ၏။ ကောင်းသော ရင်းနှီးခြင်းမျိုးတော့ မဟုတ်ပေ။ လူကို ဒုက္ခပေးသော၊ မကောင်းကျိုးသာ ရစေသော အင်းဆက် ဖြစ်ချေ၏။ တချို့ မွေးမြူရေး လုပ်ငန်းများ အတွက် အစာ အဖြစ် သုံးရန် အင်းဆက်တွေကို တမင် မွေးမြူရတာမျိုးလည်း ရှိသေးသည် ဆို၏။ ထူးဆန်းပါပေ့။
ဖွံ့ဖြိုးဆဲ နိုင်ငံများ မပြောနဲ့ ဖွံ့ဖြိုးပြီး နိုင်ငံများမှာတောင် ခြင်က ဒုက္ခ ပေးမှာ မလွဲပေ။ ပူနွေးသည့် ဒေသတွေမှာတော့ ပို၍ ဆိုးမည်။ ဥပမာ ဆောင်းရာသီထက် စာရင် နွေရာသီမှာ ခြင်ပိုပေါသလိုပေါ့။ ခြင်က အင်မတန် လူကို ဒုက္ခပေး၏။ ခြင်ကြောင့် ဖြစ်နိုင်သည့် ရောဂါတွေကလည်း အများသား မလား။ ရောဂါထက် အဆိုပါ ခြင် ပျံဝဲနေသည့် အသံကကို နားမချမ်းသာစရာ။ ယင်ကောင်လို အသံကျယ်ကျယ်နဲ့ ပျံလေ့ မရှိဘဲ အသံတိုးတိုးနဲ့ ပျံဝဲနေတာက ပိုပြီး ဆိုး၏။
ထို့ပြင် ကိုက်စရာ ရှိ မကိုက်ဘဲ ထိုသို့ ပျံနေတာက နားငြီးလှ၏။ ကျနော့် အတွက် ခြင်ကို ရိုက်ရခြင်းမှာ ကိုယ့်ကို လာကိုက်လို့ထက် နားငြီးလို့ ရိုက်လိုက်ခြင်းက ပို၏။ ပြည်တွင်းထုတ် ခြင်ဆေးခွေ၊ ထိုင်းက လာသည့် ခြင်ဆေးတိုင်၊ လျှပ်စစ်အားသုံး ခြင်ပြေးဆေးရည် အစရှိသဖြင့် အကုန် သုံးဖူး၏။ တလောက Xiaomi က ထုတ်သည့် လျှပ်စစ် ခြင်ရိုက်တံ တခု ဝယ်ထား၏။ ခြင်တွေ အုံနေချိန်များ တဖြောင်းဖြောင်းနဲ့ အားရချက်။ အကုသိုလ်လည်း ကြီးလှ၏။ သို့ပေမယ့် မတက်နိုင်ပေ။
တမင်ကြီး လိုက်ရှာ သတ်နေတာမျိုးတော့ မဟုတ်ပေ။ မိမိနား လာဝဲနေသည့် ခြင်တွေကိုသာ ယမ်းခါရိုက်လိုက်ခြင်း ဖြစ်၏။ အမေကတော့ သဘောမကျပေ။ ခြင်ဆေးထွန်းတဲ့၊ ကျနော်က ခြင်ဆေးနံ့ မခံနိုင်ပေ။ လျှပ်စစ် ခြင်ပြေးဆေးကြ မီးက မလာနဲ့ လျှပ်စစ် ရိုက်တံက အကောင်းဆုံး အဖြေ ဖြစ်၏။ မီးလာတုန်း အားသွင်းထားလို့ ရသည် မဟုတ်လား။
နောက်ပိုင်း အမေ ပြောလွန်းလှသဖြင့် ခြင်ရိုက်တံလည်း သိပ်မသုံး ဖြစ်တော့ပေ။ နေ့လည်ခင်း မအိပ်လည်း ခြင်ထောင်ချပြီးပဲ နေလိုက်တော့၏။ ဒါပေမယ့် ခြင်ထောင်အပြင်က တဝီဝီ ပျံဝဲသံတွေက ကြားနေရဆဲပင်။ အဆိုပါ ခြင်ထောင်ကလည်း တမျိုးတဘာသာ ရှိသေး၏။ နေ့လည် နေ့ခင်းကထားဦး ညဖက်တွေဆို သူကလည်း အဆင်မပြေတော့ပေ။
ကိုယ်တွေက အိပ်ချင်မူးတူးနဲ့ ခြင်ထောင် ထောင်၊ သေချာ သတိမထားမိတော့ ခြင်ထောင်ထဲ ခြင်က ဝင်နေ၊ အိပ်ပါမယ် ဆိုမှ အိပ်ခါနီး ခြင်ထောင်ထဲ ရောက်နေသည့် ခြင်နဲ့ တိုက်ပွဲဝင်ရသေး။ သတိမထားမိလို့ ဖြစ်တာဟ ဆိုပြီး နောက်ပိုင်း သေချာလေး ထောင်လည်း ကြာကြာတခါတော့ ခြင်ထောင်ထဲ ခြင်က ရောက်ရောက်နေလေ့ ရှိပါ၏။ ဒီကတောင် စပိုင်တွေလားပင်။
ခုလည်း ခြင်ထောင်ထဲက ခြင်ကို ဖမ်းနေရင်း ဒီစာကို ရေးနေရခြင်း ဖြစ်၏။ သကောင့်သားက ညကတည်းက ခြင်ထောင်ထဲရောက်နေတာ နေမယ်။ ကျနော့် သွေးတွေ အဝသောက်ထားရတော့ ဖောင်းကား ဆူဖြိုးလို့။ ပျံတာ သိပ်တောင် မမြန်တော့ပေ။ သတ်ချင် သေစေလိုစိတ် မရှိနေသေးသဖြင့် အသာအယာ ဖမ်း၍သာ လွှတ်လိုက်၏။ မရိုးနိုင်သော ခြင်ဇတ်လမ်းပင် မဟုတ်ပါလား။
(photos made by Canva App)
နားနား ကပ်အော်တာ အဆိုးဆုံးဗျ။
ဟုတ်ပ။
အသံ မထွက်ဘဲ ကိုက်သွားရင် ကောင်းသား။
😅
အဲ့အကောင်နဲ့ အမြဲရန်ဖြစ်ရတာ။
!LOLZ
!MEME
Credit: lolzbot
Earn Crypto for your Memes @ HiveMe.me!
lolztoken.com
I'm over you.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi
(2/8)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ
ပူတော့ ခြင်တွေ ပိုပေါ။
!hiqvote