အရင်လို ပြန်ဖြစ်သွားပြီ
လျှပ်စစ်မီးက ပုံမှန် ပြန်ဖြစ်သွားပြီ။ ပုံမှန် လာတာ မဟုတ်ဘဲ ပုံမှန် ပျက်ခြင်း ဖြစ်၏။ ပြီးခဲ့သော ရက်သတ်ပတ်များမှာ ဘာကြောင့်ရယ် မသိ မီးက တနေ့ကုန် နီးပါးလာ၏။ ပျက်ခဲ၏။ ပျက်ရင်လည်း ခဏလောက်သာ ဖြစ်၏။ ဘဘကြီး တနည်းအားဖြင့် မီးလင်းကောင်များ လာလို့လားပေါ့။ သူလာရင်တောင် ရက်ပိုင်းလောက်ပဲ မီးမှန်မှာ။ ခုက ရက်အတော် ကြာကြာကြီးကို မီးမှန်မှန်လာသွား၏။
ပိုထူးဆန်းတာက တခြားရပ်ကွက်တွေမှာ အရင်လို အရင်အတိုင်းပဲ ပျက်နေချိန်၊ ကျနော်တို့ ရပ်ကွက်မှာ အရင်ထက် ပျက်ချိန် နည်းနေခြင်း ဖြစ်၏။ ဒါပေမယ့် ခုတော့ အားလုံး တူတူ ပြန်ဖြစ်သွားလေပြီ။ ဒီရက်ပိုင်း အရင်လို မီးမလာတော့ပေ။ အရင့် အရင်လို ပျက်လိုက် မလာလိုက် ပြန် ဖြစ်သွားခဲ့ပြီ ဖြစ်၏။
အရင်လို ပြန်ဖြစ်သွားတော့ ချက်ရေး ပြုတ်ရေးမှာ အဆင်မပြေတော့ပေ။ မီးလာသည့်အချိန် ခဏအတွင်းမှာ အလျင်မီ ပြီးစီးအောင် ချက်ပြုတ်ရ၏။ အမေနဲ့ ကျနော် နှစ်ယောက်သား ခပ်သွက်သွက်လေး ပြင်ဆင် ချက်ပြုတ်ပေါ့။
နောက်တခုက Internet, မီးလာချိန် နည်းသွားတော့ wifi UPS က အားကောင်းကောင်း မသွင်းလိုက်ရပေ။ ဝယ်ထားတာလည်း ကြာခဲ့ပြီဆိုတော့ အားလည်း သိပ်မနေ၊ မခံတော့ပေ။ ယခင်ကဆို အားပြည့်ဆို ၆-၈ နာရီကြား ရပေမယ့်။ ခုက ၂-၃ နာရီကြားလောက်သာ အားခံတော့၏။ ရိုးရိုး power bank နဲ့ ချိတ်ဆက်ပြီး ပြန်သုံးနေရ၏။ Power bank နဲ့ ချိတ်မသုံးရင် Mobile data နဲ့ဆို မခံနိုင်ပေ။ ခုချိန် Data ဈေးတွေကလည်း ကြီးလှသည် မဟုတ်လား။ အမှန်တော့ အရာရာ ဈေးကြီးနေတာပါပဲ။
မီးကပျက် Internet က အဆင်မပြေ။ ဒီကြားထဲ Hive ဈေးကပါ ကျနဲ့။ မပျော်တော့ပေ။ မပျော်လည်း ပျော်အောင် ရှာကြံ နေနေရပါတယ်ဆိုမှ မပျော်ရအောင် ထပ်ခါထပ်ခါ လာလုပ်နေသည့် အလားပင်။ ဒီကာလကြီးမှာတော့ ဒီလိုပါပဲ။ ကိုယ့်ထက် အခြေအနေဆိုးနေသူတွေတောင် ရှိသေးသည်မဟုတ်လား။ သူတို့ကို အားနာစရာ။ ဒီလောက်လေးကို ငြီးတွားနေရသလား။ ကိုယ့် ဒုက္ခနဲ့ ကိုယ် ဆိုပေမယ့်လည်း ကိုယ့်ထက် ဒုက္ခ ကြုံနေသူတွေ အများသားမို့ Hive မှာပဲ တိတ်တခိုးလေး လာရောက် ရင်ဖွင့်လိုက်ရပါတယ်။
တောင်ကြီးမှာ ဆေးတက္ကသိုလ် ရှိလား။
!LOLZ
!HUG
lolztoken.com
Because they have two left feet.
Credit: marshmellowman
@donjaun, I sent you an $LOLZ on behalf of golden.future
(2/10)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP
ရှိတယ်ဗျ။
ပျက် လာ ပျက်လာ မှတ်သာထား။
!LOLZ
!MEME
lolztoken.com
That was a very fuelish thing to do.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi
(2/8)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
Credit: valentin86
Earn Crypto for your Memes @ HiveMe.me!
ပျက်တယ် ပျက်တယ် မှတ်ကို မမှတ်ထားနိုင်တော့ဘူးရယ်။ ပျက်လွန်းလို့။
😁
မီးက ပုံမှန်ပါပဲ။ ဒါပေမဲ့ ခုဟာ သူလာချင်တဲ့ချိန်လာ ပျက်ချင်တဲ့ချိန်ပျက်ဆိုတော့ မှန်းလို့မရတော့ဘူး။
!PIZZA
!LUV
!LOL
lolztoken.com
It is pretty hot
Credit: reddit
@donjaun, I sent you an $LOLZ on behalf of myanmarkoko
(3/6)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
ခုက လာရမယ့်အချိန်လည်း မလာဘူးရယ်။
$PIZZA slices delivered:
@myanmarkoko(3/5) tipped @donjaun
Come get MOONed!