ဆိုလိုနာ ဖုန်းတွေ အရောင်းသွက်

avatar

BONK airdrop လာမယ်လို့ ကြေငြာခဲ့ပြီးနောက်မှာ Solana saga smartphone တွေရောင်းအားကောင်းနေပါတယ်။ BONK ဟာ Solana blockchain ပေါ်မှာ တည်ဆောက်ထားတဲ့ meme coin project တစ်ခုဖြစ်ပြီး Solana phone ရှိသူတိုင်းဟာ 30 million BONK airdrop ရနိုင်မှာဖြစ်တာကြောင့် US က Solana phone တွေ အကုန်ရောင်းထွက်သွားတဲ့အထိကို အဝယ်လိုက်နေကြပြီး Europe မှာရှိတဲ့ Solana phone တွေလည်း အရောင်းသွက်နေပါတယ်။

Solana Labs ဟာ သူတို့ရဲ့ Web3 phone တွေကို မြေစမ်းခရမ်းပျိုးတဲ့အနေနဲ့ အလုံးရေ 20,000 သာ ထုတ်ထားခဲ့တာဖြစ်သလို စရောင်းခါစက $1,000 နဲ့ ရောင်းခဲ့ပေမယ့် လူတိုင်းဝယ်လို့ရနိုင်အောင်ဆိုပြီး August လကစလို့ $599 အထိ ဈေးချပေးခဲ့ပါတယ်။ ဈေးချပေးထားခဲ့ပေမယ့်လည်း Solana phone တွေဟာ အရောင်းထိုင်းနေခဲ့ပြီး အခု Solana phone ရှိသူတွေ BONK airdrop ရနိုင်မယ်ဆိုတော့မှ ရုတ်တရက်ကြီးကို ရောင်းထွက်ကုန်တာပါ။

BONK 30 million ဟာ $730 ဝန်းကျင်မှာ ဈေးရှိနေပြီး Solana phone လည်းရမယ်၊ $130 လည်း အပိုရမယ်ဆိုတဲ့သဘောဖြစ်တာကြောင့် US က crypto bro တွေက Solana phone တွေ ပစ္စည်းပြတ်တဲ့အထိ အလုအယက်ဝယ်နေကြတာဖြစ်ပါတယ်။
Solana Labs ကတော့ phone အလုံးရေတွေ ထပ်ထုတ်ပေးဖို့ကိစ္စကို သေချာအတည်မပြုသေးပါဘူး။

Solana phone အကြောင်း review ကို https://www.facebook.com/myancryptocurrency/posts/pfbid02NwExLf4DfWC1cPgcDcdxXj3HHRWvWrofhRv8kMKMUEjiiWneZkbXo4L8i69vXyvFl ကနေ ဖတ်ရှုနိုင်ပါတယ်။

Reference Link: https://decrypt.co/210036/solana-weighs-demand-saga-phones-after-sellout-amid-bonk-boom

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
1 comments
avatar

Hive Phone ဆိုပြီး ထုတ်ရင် ကောင်းမယ်။
!pizza

0
0
0.000