Universe 2

MOON ဂိမ်းက Universe 2 ဆိုလား ထပ်မံ ထွက်ပေါ်လို့ လာခဲ့ပြန်၏။ Universe 1 နဲ့ ဆက်စပ်မှု ရှိသလား မရှိနေဘူးလား မသိသေး။ Universe 2 အကြောင်း ပိုစ့်တွေတော့ တွေ့၏။ သို့ပေမယ့် ဝင် မဖတ် ဖြစ်။ ပြီးမှ ကြည့်မယ်။ ပြီးမှ ကြည့်မယ်ပေါ့။ ဒီနေ့ MOON ဂိမ်း ဝင်တော့ login section နေရာမှာ Universe 1 အပြင် Universe 2 (closed) ဆိုပြီး ပြထား၏။ ဘာကြီးလဲပေါ့။ သို့နှင့် Discord မှာ သွားမေးကြည့်လိုက်၏။

Universe 2 launch လုပ်လို့ Universe 1 က ဘယ်လို ဖြစ်သွားမှာလဲပေါ့။ တယောက်က ပြန်ဖြေထား၏။ Universe 1 က ဆက်ပြီးတော့ ရှိနေမှာပါတဲ့။ ဒါပေမယ့် reward, storyline တွေနဲ့ ပတ်သက်ပြီး ဆက်စပ်မှုတော့ မရှိနေတော့ပါဘူးတဲ့။ Universe 1 က ဒီအတိုင်း Game play သက်သက်ပဲ ဖြစ်သွားပါလိမ့်မယ်တဲ့။ ကောင်းရော။

နောက်မှ ဖတ်မယ် လုပ်တာ ခုတော့ Universe 2 လွတ်သွားခဲ့လေပြီ။ အကယ်လို့ 3 ထပ်လာရင်တော့ မှီအောင် လုပ်ဦးမှပါ။ နို့ဆို ဂိမ်းဆော့သာ ဆော့တယ်၊ reward မရဘူး ဖြစ်နေမှာပေါ့။ သူတို့ကလည်း အမှန်ဆို Universe 1 ကစားနေချိန် in game ထဲမှာတင် Universe 2 ကို join ဖို့ infor (remind) ပေးသင့်၏။ ခုက ပိုစ့် သက်သက်ပဲ ရေးတင်တော့ သတိမထားမိလိုက်သူတွေက မသိလို့ မဝင်လိုက်ကြရတာမျိုးတွေ ဖြစ်ကုန်ပြီ မဟုတ်လား။

Register က ကပ်တိုးလေး လွတ်သွားတာ နေမယ်။ Time Zone ကွာဟချက်ပေါ် မူတည်ပြီး သူတို့က ပိတ်တာ။ launch လုပ်ဖို့က 21 နာရီလောက် လိုသေးတယ်။ (ကျနော် သွားမေးချိန်က မနက် ၈ နာရီလောက်က ဖြစ်၏) ဂိမ်းကို upgrade လုပ်သည့် အနေနဲ့ Universe 2 ကို မိတ်ဆက်ခြင်း ဖြစ်၏။ အကယ်လို့ ထပ်မံ upgrade လုပ်ဖို့ လိုလာရင်တော့ Universe 3 တို့ ဘာတို့ လာကောင်းလည်း လာပေလိမ့်မည်။

ကျနော့် အထင်တော့ သူ့ရဲ့ Universe က season ကို ရည်ညွှန်းတယ် ထင်ပါရဲ့။ Hive ပေါ်က ဂိမ်း အများစုက Season တခုကို ၇ ရက် လုပ်ကြတာ များတယ် မလား။ သူလည်း အဲ့သဘော ထင်ပါရဲ့။ Universe တွေ အကြောင်း နားလည်အောင် အရင် လုပ်ရပေလိမ့်ဦးမည်။ နက်ဖြန်တော့ ပြန်ဖွင့်မယ် ပြောတာပါ။ အဲ့ချိန် register လုပ်လို့ ရရင်လည်း လုပ်ကြည့်ပါဦးမည်။



0
0
0.000
3 comments