ဆက်လျှောက်

ပြိုင်ပွဲ ကစားရမယ့် ကာလမို့ ပိုစ့် ရေးသားရေးကိုလည်း ဂရုစိုက်ထားရ၏။ ပိုစ့်တင် မပျက်ကွက်ဖို့ကိုပေါ့။ ပိုစ့်တင် မပျက်ပေမယ့်လည်း ပိုစ့်တင်ချိန် နောက်ကျတာကိုလည်း သတိထားရပေဦးမည်။ ဟိုလုပ် ဒီလုပ်နဲ့ မေ့သွားတတ်လို့။ ပြီးခဲ့သော ရက်ပိုင်းကတောင် ပိုစ့်တင်ဖို့ မေ့နေတာနဲ့ တင်နေကြအချိန်ထက် နောက်ကျသွားခဲ့ရလေ၏။

အချိန်တခု တိတိကျကျ သတ်မှတ်ထား၏။ သို့ပေမယ့် တခါတလေ အကြောင်း အမျိုးမျိုးကြောင့် နောက်ကျသွားခဲ့တာ ရှိ၏။ တခါတလေဆို လုံးဝကို မေ့နေတာ၊ တင်ပြီးပြီလို့ပဲ ထင်နေခဲ့တာ။ တင်နေကြ အချိန်ထက် အများကြီး နောက်ကျသွားခဲ့ရင်တော့ နောက်နေ့မှပဲ တင်ဖြစ်လေ့ ရှိ၏။ တရက်ပျက်ရင် တရက်စာ သိသာသည်မို့ နောက်ပိုင်းတော့ သေချာလေး ဂရုစိုက်၏။ ဂရုစိုက်ရဲ့သားနဲ့ကို နောက်ကျသည့် အခါလည်း ရှိလေ၏။

ယခင်က ပိုစ့်တက်ဖို့ တရက်ကြိုရေးထားဖြစ်၏။ ခုနောက်ပိုင်းတော့ မရေးဖြစ်တော့ပေ။ မနက်ရေးထားပြီး ညနေတင် ဒါမျိုးပဲ လုပ်ဖြစ်တော့၏။ ဘောလုံးပွဲတွေလည်း ပြန်လာနေပြီမို့ ရေးစရာ ရှာရမခက်ပေ။ ဟိုတုန်းကလို ရသ သက်သက် သန့်သန့်လေးတွေ၊ movie review လေးတွေတော့ ပြန် မရေးဖြစ်လောက်သေးပေ။ တချိန်တော့ ပြန်ရေးပါဦးမည်။

လောလောဆယ်တော့ အဆင်ပြေရာ၊ ရေးလွယ်တာလေးတွေပဲ ရေးရင်း နေ့စဉ် ပိုစ့်တင် မပျက်ဖို့သာ အာရုံစိုက်ထား၏။ နေ့စဉ်ပိုစ့်တင်မှ နေ့တိုင်း vote ရပြီး power စုနိုင်မယ် မလား။ Hive မှာ Hive power က အဓိကပင်။ Power ‌များရင် ပိုအကျိုးထူးသလို အမြင်လည်း တင့်တယ်လှပေမည်။

နီးစပ်ရာ အသိများကို Hive နှင့် ပတ်သက်ပြီး ပြောပြ ဖြစ်ပေမယ့် တကယ် လိုက်လုပ်သူက နည်းလှ၏။ တချို့က လာမေးကြ၏။ တချို့က အကောင့်ဖွင့်သည့် အဆင့်ထိတော့ ရောက်လိုက်၏။ တချို့က ပိုစ့်လေး နည်းနည်းပါးပါး တင်ပြီး ပြန်ပျောက်သွား၏။ အနည်းငယ်လောက်သာ ပုံမှန် ဆက်ရေးဖြစ်ကြလေ၏။

ဖန်တီးနိုင်စွမ်း တခုခု ရှိတဲ့သူများ တွေ့ရင် Hive အကြောင်းကို ပြောပြချင်နေမိတော့တာ။ တခါတလေကျ အဆိုပါ စိတ်ကို မနည်းပြန်ထိန်းထားရ၏။ ကိုယ်က ဖြစ်စေချင်တာ မှန်ပေမယ့် သူက မကြိုက်တာမျိုး မလုပ်ချင်တာမျိုးဆို အားနာစရာ။ တကယ် စိတ်ဝင်တစားနဲ့ လုပ်မယ့်သူဆိုရင်တော့ လာထား အာဘွားပေါ့။

Hive က တယောက်ထဲ လျှောက်လို့ မကောင်း၊ အားလုံးအတူ လျှောက်လှမ်းမှ ကောင်း၏။ အတူတူ ပိုစ့်တင်ရင်း အတူတူပါဝါ စုကြတာပေါ့။



0
0
0.000
8 comments
avatar

ကျွန်တော်တော့ စာရေးပြီးချိန် လိုင်းရနေရင် တင်လိုက်တာပဲ။ တနေ့တပို့တော့ ကြိုးစားတင်နေရတာ။
!LOLZ
!MEME

0
0
0.000
avatar

Did you hear about the lobster that got a job at pizza hut?
He's working in the crust station.

Credit: reddit
@donjaun, I sent you an $LOLZ on behalf of golden.future

(1/10)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.

0
0
0.000
avatar

ဟုတ်ပါ့ဗျာ။

0
0
0.000
avatar

ဘာတဲ့ ဟိုက်ပါဝါများမှ မျက်နှာပန်းလှ မယ်ပ။
စုအုံးမှပါလေ။
!LOLZ
!MEME

0
0
0.000
avatar

ပါဝါနဲ့ ဘာနဲ့ဆိုတော့ ရှိန်တာပေါ့။ ခုတော့ မျက်မှန် ပါဝါသာ ရှိ။
😅

0
0
0.000