ပျက်ရင် ပြင်
ဒီနေ့မှာ ကျနော့် ဆိုင်ကယ်လေး ဝပ်ရှော့ ပို့ရ၏။ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ ရှေ့ဖောက်စ်က ဆီယိုနေလို့။ ဘာလဲရမယ် ဆိုလားပဲ။ ဝပ်ရှော့ ဆရာက အသိတွေ ဖြစ်၏။ လက်ရှိ Futsal အသင်း အစုအဖွဲ့လေး မစခင်တုန်းက Futsal အတူ ကစားခဲ့သူ ဖြစ်၏။ ဆရာနှင့် သူတပည့်တွေ ပြီး ကျန်သူငယ်ချင်းတွေ စုပြီး ကန်ခဲ့ကြ၏။ တနင်္ဂနွေ မနက်တိုင်း ကန်ကြ၏။
အဲ့တုန်းက စနေညမှာ သူငယ်ချင်းတွေနဲ့ကန်၊ နောက်နေ့ မနက်ကြပြန်တော့ ဆရာတို့နဲ့ ထပ်ကန်နဲ့ အတော်လေး ပင်ပန်းခဲ့ရ၏။ ပင်ပန်းပေမယ့် ပျော်ရပါ၏။ နောက်ပိုင်း ဆရာတို့ လူစုရ ခက်လာတာနဲ့ မကန် ဖြစ်တော့ပေ။ ကြားထဲမှာ ဆရာ အစာအိမ်ဖြစ်လို့ ဗိုက်ခွဲရပြီးနောက် သူတို့အဖွဲ့ Futsal မကန်ဖြစ်တော့ပေ။ တပည့်တွေထဲမှာလည်း ထိုစဉ်က Futsal ကန်ခဲ့သည့် တပည့်တွေ မရှိတော့ပေ။ တပည့်အသစ်တွေ ဖြစ်ကုန်၏။
ဆိုင်ကယ်ကို မနက် ကတည်းက လာထိုးပေးထားဖို့ ဆရာက ပြောထားသဖြင့် ဒီနေ့ ခပ်စောစောပဲ သွားပို့လိုက်၏။ ရှေ့ရက်တွေ ကတည်းက သွားမယ် သွားမယ်နဲ့ တခြား အလုပ်တွေ ပေါ်လာ၊ ဝင်လာလို့ရယ်။ ဒီနေ့မှသာ။ ဆွမ်းလောင်းပြီး အကြာကြီး ပြန်မအိပ်တော့ဘဲ ခဏသာ ပြန်အိပ်ပြီး သွားပို့လိုက်၏။
ဆိုင်ကယ်က တအားကြီး ဖြစ်မှရယ် မဟုတ်ဘဲ ဖြစ်ဖြစ်ချင်းမှာ ပြင်ရင်တော့ အကောင်းဆုံးပင်။ ဒီဆိုင်ကယ်လေးပဲ ရှိတာဆိုတော့ ဂရုစိုက်မှရယ်။ ဆိုင်ကယ်က ညင်ကောင်း၏။ တော်ရုံတန်ရုံ သိပ်ပျက်လေ့ မရှိ။ ကြာကြာမှ တခါလောက်ရောက်သာ။ တခါပြင်ပြီးရင်လည်း သူ့ဟာနဲသူ မူလအတိုင်းလေး လိုပဲ။ ဒီအချက်က သဘောကျချင်စရာ။ ညနေစောင်းလောက် ရမယ် ပြောတာပဲ။ ကလေးတွေ ကြိုခါနီးအချိန်လောက် ရရင်တော့ အဆင်ပြေပါတယ်လေ။
အိုကေသွားပါပြီ။
ဆိုင်ကယ်က နောက်ခြေထောက်အပိုတခုပါ။
!LOLZ
!MEME
Credit: antisocialist
Earn Crypto for your Memes @ HiveMe.me!
lolztoken.com
I said mayybeee...
Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi
(1/8)
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!
ဟုတ်ပ
သူရှိနေလို့ သွားရေး လာရေး အဆင်ပြေ။