အဆင်ပြေသလိုပေါ့

ပိန္နဲသီးတွေ အပင်မှာ သိပ်မကျန်တော့ပေ။ ရှိတဲ့ အသီးတွေ ကျန်တဲ့ အသီးတွေကကြ မကောင်းတာတွေချည်း များနေခဲ့၏။ ဒီနှစ် အသီးတွေက မအောင်တာ အတော်လေးများ၏။ ဘေးအိမ်ကလည်း သူတို့ ခြံဘက် ရောက်နေသည့် အမြင့်ပိုင်းက အသီးတွေကို ခူးပစ်ဖို့ ပြောလာခဲ့၏။

တလောက ခွေးကလေးတွေ အတွက် သူတို့ အိမ်အသစ်ပြန်ပြင် ဆောက်ထားပေး၏။ ယခင်ထက် ပိုမို ခိုင်ခံ့ပြီး သပ်သပ်ရပ်ရပ် ဆောက်ထား၏။ ခိုင်ခံ့သည်ဆိုပေမယ့် အမြင့် တနေရာက ပြုတ်ကျလာမည့် ပိန္နဲသီး၏ အရှိန်ကြောင့် အဆိုပါ ခွေးအိမ် ခေါင်မိုးလေး ထိခိုက်မှု ဖြစ်နိုင်သည် မဟုတ်လား။ ထို့ကြောင့်လည်း သူတို့က ခူးပစ်ဖို့ လှမ်းပြောခြင်း ဖြစ်၏။

သူတို့က ခူးစေချင်၊ ကျနော်က အပင်အမြင့် မတက်ရဲ။ ပြီးခဲ့သော နှစ်က ခေါင်မိုးပေါ်တက်ပြီး အသီးတွေ ခူးတုန်းက တုန်တုန်နဲ့ တက်ခဲ့ရတာ။ ပြန်ဆင်းပြီး နာရီအတော်အကြာကြာထိ ခြေလက်တွေ တုန်နေခဲ့၏။ ကျနော် အမြင့်ကြောက်၏။ ပွဲဈေးတန်းတွေမှာ ရှိတတ်သည့် ရဟတ်ဆိုတာလား ခုအသက်အရွယ်ထိ တခါလား၊ နှစ်ခါလားပဲ စီးဖူး၏။ တခါတုန်းက တန်တောင်တိုင်ပွဲမှာ ရဟတ်ကြီး လဲပြိုလို့ လူတွေ ထိခိုက်ကုန်ကြ၏။ ထိုဖြစ်ရပ်ကို သိကြားပြီးကတည်းက ရဟတ် စီးဖို့ မပြောနဲ့တော့ အနီးအနားကိုပင် မသွားတော့ပေ။

ထို့ကြောင့် အမြင့်ပိုင်းက အသီးတွေကို ခူးဖို့ တပါးသောသူ၏ အကူအညီကို ယူရပေလိမ့်မည်။ ပြီး အမေက အပင်ကိုလည်း တဝက်လောက်ထိ ခုတ်ထားလိုက်တော့မယ် ပြောလာ၏။ ဒီတကြိမ်မှာတော့ ကျနော်လည်း အတွန့်မတက်နေတော့ပေ။ အသီးတွေက အဆင်မပြေနေခဲ့ဘူးကိုး။ စားရတာက နည်းနည်း၊ ပစ်ရတာက များများ။ ပြီး သူများကို လက်ဆောင်ပေးသည့် အလုံးတွေက မကောင်းနေတော့ ပိုပြီး အားနာရ၏။

ကျနော်တို့ ဘက်မှာက ဦးထွေးတို့ ဆီမှာလို အပင်ခုတ်ခအစား ထင်းယူ ဆိုတာမျိုး မရှိဟုလည်း ပြော၏။ ပြီး ပိန္နဲပင်က ထင်း မဖြစ်ဟုလည်း အသိတွေက ထပ်မံပြော၏။ အတိအကျတော့ ကျနော်လည်း မသိပေ။ ထပ်မံ မေးမြန်းရပေလိမ့်ဦးမည်။ ကိုယ်မှ မခုတ်နိုင်ဘဲကိုး။ ခုက ထင်းမယူဘဲ ခုတ်ခ ပေးမယ် ဆိုရင်တောင် ခုတ်မယ့်သူ စုံစမ်းလို့ မရသေးပေ။ တဘက်ခြံဘက်ရောက်နေသည့် ပိန္နဲသီးတွေ မရင့်မှန့်လာခင်လေး အပင်ခုတ်နိုင်၊ ခုတ်ပေးမယ့်သူကို ရအောင် ရှာနိုင်ဖို့တော့ လိုပေလိမ့်မည်။



0
0
0.000
6 comments
avatar

ကျွန်တော်ဆီမှာက ထင်းသုံးတဲ့ လက်ဖက်ရည်ဆိုင်၊ ခေါက်ဆွဲဆိုင်တွေက များတာလား။
ဒီတော့ ထင်းကဈေးကောင်းရတယ်လေ။
!LOLZ
!MEME

0
0
0.000
avatar

အော် ဟုတ်ဗျ။

0
0
0.000
avatar

ပိန္နဲသီးတွေ ပေါနေပေမဲ့ မစားဖြစ်သေးဘူး။ ကိုယ်က အိမ်ကနေ ဘယ်မှ မသွားဖြစ်သေးတာလဲပါတယ် 😁

!PIZZA

0
0
0.000